Open Data Day 2019

ဖန်တီးရာမှာ  မတ်လ ၄ ရက်နေ့က Open Data Day ကို စည်စည်ကားကားနဲ့ ကျင်းပခဲ့ပါတယ်။ အခုကျင်းပခဲ့တဲ့ Open Data Day က နိုင်ငံတကာပွဲတစ်ခုဖြစ်ပြီး  Friedrich Ebert Stiftung၊ ဖန်တီးရာ နဲ့ The Asia Foundation တို့ပူးပေါင်းပြီး Civic Tech Talks လို့ခေါ်တဲ  ဟောပြောပွဲ ကျင်းပခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက ဒေတာပညာရှင်တွေ၊ မီဒီယာပညာရှင်တွေနဲ့ သုတေသန ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ပွဲမှာ ဒေတာတွေကို လူတွေကို အကျိုဖြစ်ထွန်းစေဖို့ ဘယ်လိုအသုံးပြုရမလဲဆိုတာတွေ၊ AI နည်းပညာနဲ့ အသုံးပြုနည်းတွေ နဲ့ စိတ်ပါဝင်စားဖို့ကောင်းတဲ့ ခေါင်းစဉ်တွေကို…

Game Dev Challenge Press Release – Myanmar

 

ပြည်တွင်းရှိလူငယ်များကိုယ်တိုင် ဂိမ်းများကို ဖန်တီးနိုင်ပြီ

 

ဖန်တီးရာတွင်ပြုလုပ်သည့်  ၉ ရက်တာ Game Dev Challenge ပြိုင်ပွဲကြီးတွင် လူငယ်များ ယှဉ်ပြိုင်ဖန်တီးထားသော ဂိမ်းများကို အများပြည်သူတို့အား ပြသခဲ့ပြီးဖြစ်

 

ရန်ကုန်၊ မြန်မာ – ရန်ကုန်မြို့လယ်ရှိ ဖန်တီးရာတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ဂိမ်းရေးသား ထုတ်လုပ်မှုပြိုင်ပွဲကြီးဖြစ်သည့် Game Dev Challenge ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ကျင်းပခဲ့ပြီးဖြစ်ပါသည်။  ယခုပွဲကို ဖန်တီးရာတွင် ဒုတိယအကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး လူငယ် Game Developer ပေါင်း ၁၂၅ ယောက်ကျော်မှ အဖွဲ့ပေါင်း ၂၅ ဖွဲ့ ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။