မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ် အခွင့်အရေး အစီအစဥ်တစ်ခုကို စတင်ခြေလှမ်းခြင်း

Some of the country’s most active voices on technology and human rights came together at Phandeeyar’s office in Yangon in December to tackle this important question. Leaders from SMILE, Pandita, Myanmar Center for Responsible Business, International Bar Association, National Network for Education Reform and Phan Tee Eain (Creative Home) proposed solutions.

Launching a Digital Rights Agenda

Written by Michael Suantak, Sarah Oh and Khin

၂၀၁၆ မှာ မိုဘိုင်း အော်ပရေတာတွေက သူတို့ရဲ့ နက်ဝေါ့တွေကို တိုးချဲ့ဖို့  ပြိုင်ဆိုင်လာတာ ဖြစ်တဲ့အတွက်  အခုမှ စတင်ချိတ်ဆက်လာမိတဲ့ မြန်မာအသုံးပြုသူတွေက သူတို့ရဲ့ ဒစ်ဂျစ်တယ် အခွင့်အရေးတွေအ ကြောင်းကို သိပါတယ်ဆိုတာကို ဘယ်လိုသေချာသိနိုင်မလဲ?

လူ့အခွင့်အရေးနဲ့ နည်းပညာအရေးမှာ အပေါ်က မေးခွန်းကို အဖြေထုတ်ကြဖို့အတွက် လူတစ်ချို့ဟာ ဒီဇင်ဘာလက ဖန်တီးရာမှာ တွေ့ဆုံခဲ့ကြပါတယ်။ SMILE၊ ပဏ္ဍိတ၊ Myanmar Center for Responsible Business၊ International Bar Association၊ National Network for Education Reform နဲ့ ဖန်တီးအိမ်မှ ခေါင်းဆောင်တွေက ဖြေရှင်းနည်းတွေကို အဆိုပြု အကြံပေးခဲ့ ကြပါတယ်။

ဒစ်ဂျစ်တယ် အခွင့်အရေးတွေနဲ့ သတင်းတိုးတက်မှုတွေ အပေါ်မှာ လုပ်ကိုင်နေပြီး အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ Engage Media က ဒီပွဲကို ထောက်ပံ့ခဲ့တာဖြစ်ပြီး တွဲဖက်စီစဥ်တဲ့ Myanmar ICT for Development Organization (MIDO) က မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အ ခွင့်အရေးပညာပေးနဲ့ ပတ်သတ်ပြီး မကြာသေးခင်က အတွေ့အကြုံတွေ အကြောင်းကို ရှုမြင်သုံးသပ်ခဲ့ပါတယ်။

ဒစ်ဂျစ်တယ် အခွင့်အရေးက လူ့အခွင့်အရေးဖြစ်ပါတယ်။

အင်တာနက်ကို ရရှိအသုံးပြုနိုင်တဲ့လူဦးရေ ပိုများလာတာကြောင့် လူတွေရဲ့အခွင့်အရေးက အန္တရာယ်ရှိလာ မှာကို ခေါင်းဆောင်တွေက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ လူတွေက သူတို့ရဲ့ အခွင့်အရေးက အန္တရာယ်ရှိနေတယ်ဆိုတာကိုတောင် သိမှာမဟုတ်ပါဘူး။ နိုင်ငံသူ/သားတွေကို အွန်လိုင်းပေါ်က သူတို့ရဲ့ အခွင့်အရေးတွေအကြောင်းကို ပညာပေးဖို့ အရေးတကြီး လိုအပ်နေပြီး သူတို့ရဲ့ အခွင့်အရေးတွေကို ထောက်ပံ့ပေးမယ့် ဥပဒေမူဘောင်ကို အများသိအောင်လုပ်ဖို့ လိုအပ်ကြောင်း တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ မေးရမယ့် အရေးအကြီးဆုံး မေးခွန်းထဲက တစ်ခုကတော့ မြန်မာအသုံးပြုသူတွေက ဒစ်ဂျစ်တယ် အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို သိကြပါသလား?

“ဒစ်ဂျစ်တယ် အခွင့်အရေးတွေက အခွင့်အရေးအသစ်တွေဖြစ်နေတာက ဒဏ္ဍာရီတစ်ခုပါ” လို့ Cheekay Cinco က ပွဲမှာ ပြောခဲ့ပါတယ်။

“ဒစ်ဂျစ်တယ် အခွင့်အရေးတွေက အခွင့်အရေးအသစ်တွေ မဟုတ်ပါဘူး။ အဲ့ဒါတွေက အစကတည်းက မွေးရာပါဖြစ်တဲ့ အခွင့်အရေး ဖြစ်ပြီးသားတွေပါ”

ဒစ်ဂျစ်တယ်အခွင့်အရေးဆိုတာ သတ်မှတ်ပြီးသားဖြစ်တဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းရဲ့  အခန်းခွဲတစ်ခုဖြစ်ပြီး ကိုယ်တွေရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အပြုအမူအပေါ်မှာ သက်ရောက်မှုရှိပါတယ်လို့ သူ(မ)က ဆက်ရှင်းပြပါတယ်။ တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုတာ ဒီကမ္ဘာကြီးထဲမှာ ရှိနေတဲ့ လူတွေအတွက် ရှိတဲ့အခွင့်အရေးနဲ့ အတူတူပါပဲ။ အသုံးပြုသူတွေမှာ သူတို့ရဲ့အမြင်ကို လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ privacy ရှိခွင့်တွေ ရှိသင့်ပါတယ်။

အင်တာနက် ရရှိနိုင်မှု၊ privacy နဲ့ နာမည်လျှို့ဝှက်ထားခြင်း (anonymity)၊ ဘေးကင်းမှု (safety) နဲ့ လုံခြုံမှု (security)၊ လွတ်လွပ်စွာဖော်ပြနိုင်ခွင့်နဲ့ ဗဟုသုတတွေကို ရရှိနိုင်မှုတွေ ပါဝင်ပြီး  မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီမှုရှိတဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး ကိစ္စရပ်တွေကို အဖွဲ့က ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ့ကိစ္စရပ်တွေက သူတို့ရဲ့ ဘဝနဲ့အလုပ်ကို ဘယ်လို တိုက်ရိုက်အကျိုး သက်ရောက်မှုရှိနေတယ်ဆိုတဲ့ သူတို့ကြုံတွေ့ရတဲ့ ဥပမာတွေကို ခေါင်းဆောင်တွေက ဝေမျှခဲ့ပါတယ်။

အားနည်းတဲ့ ဥပဒေမူဘောင်တွေက ဖမ်းဆီးမှု ဒါမှမဟုတ် ဆိုးရွားတဲ့အတွေ့အကြုံတွေကို ဦးတည်စေခဲ့တဲ့ ဥပမာတွေ အဖွဲ့ထဲက လူတိုင်းနီးပါးမှာ ရှိခဲ့ပါတယ်။ Cheekay မျှဝေခဲ့တဲ့ အဲဒီ့ဥပမာတွေက မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီးမထူးခြားလှပါဘူး။ တကယ်တော့ အဲ့ဥပမာတွေက အရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ ဒေသဆိုင်ရာ အဖြစ်အပျက်တွေကို ရောင်ပြန်ဟပ်ရုံတင်မကပဲ အစိုးရနဲ့ ကုမ္ပဏီတွေက အင်တာနက်လှုပ်ရှားမှုတွေကို ရာဇဝတ်အနေနဲ့ စွဲချက်တင်နေတဲ့ အရှေ့အာဖရိကလို နေရာမျိုးတွေ ကိုလည်း ရောင်ပြန်ဟပ်ပါတယ်။

ဒစ်ဂျစ်တယ်အခွင့်အရေး ယဥ်ကျေးမှုကို မြှင့်တင်ခြင်း

ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ခေါင်းဆောင်တွေက ပွဲရဲ့ ရလဒ်အနေနဲ့ နယ်ပယ်သုံးခုမှာ လုပ်မယ့် လှုပ်ရှားမှု (activities) တွေကို ဦးစားပေး ထောက်ပံ့ပေးသွားကြဖို့ သဘောတူညီခဲ့ပါတယ်။ နယ်ပယ်သုံးခုကတော့ လူထုအသိမြှင့်တင်ပေးခြင်း၊ ပညာရေးစနစ်နင့် လှုံ့ဆော်ခြင်းနဲ့ လက်တွေ့ အရည်အချင်း တည်ဆောက်ခြင်း တို့ပဲ ဖြစ်ပါတယ်။  

ပထမအချက်အနေနဲ့ ဒစ်ဂျစ်တယ် အခွင့်အရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေအကြောင်း လူထုအသိ မြှင့်တင်ပေးခြင်းရဲ့ အရေးပါမှုကို ဖော်ထုတ်ခဲ့ကြပါတယ်။ အကြီးမားဆုံး စိန်ခေါ်မှုကတော့ အွန်လိုင်းပေါ်က သူတို့ရဲ့ အခွင့်အရေးတွေ အကြောင်းတွေနဲ့ ပတ်သတ်ပြီး လူထုအမြင်နဲ့ သဘောထားတွေကို လွှမ်းမိုးဖို့ပဲ ဖြစ်ပါလိမ့်မယ်။

ဒုတိယအချက်အနေနဲ့ အခွင့်အရေးတွေကို အလေးထားတဲ့ ဥပဒေမူဘောင်ကို မြှင့်တင်ဖို့အတွက် ပညာပေးလှုံ့ဆော်ဖို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပထမဆုံး အခွင့်အရေးကတော့ တရားဝင်ကြားဖြတ်နား ထောင်ခွင့်နဲ့ သက်ဆိုင်တဲ့ ဆွေးနွေးညှိနှိုင်းခြင်း ကိစ္စပိုင်းတွေရဲ့ သုံးသပ်မှုတွေပိုင်းတွေကို တင်ပြတာတွေ ဖြစ်နိုင်ပါတယ်။ Electronic transactions law က အရပ်ဘက်လူမှု အဖွဲ့အစည်းနဲ့ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ (activists) တွေကို အကြောင်းပြ ဖမ်းဆီးဖို့အတွက် အသုံးပြုမခံရဖို့ ရှေ့ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်။

နောက်ဆုံးအချက်ကတော့ လူမှုအသိုင်းအဝိုင်းနဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းခေါင်းဆောင်တွေကြားမှာ ဒစ်ဂျစ်တယ်အခွင့်အရေးနဲ့ ပတ်သတ်တဲ့ အရည်အချင်းနဲ့ ဗဟုသုတအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ အစီအစဥ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ပါတယ်။ စီမံကိန်းအကြံဉာဏ်တွေမှာ ပါတာကတော့ ဖန်တီးရာနဲ့ MIDO တို့က မြန်မာနိုင်ငံအခြေအနေအတွက်  လူမှုကွန်ယက်ပေါ်မှာ ပြုသင့်၊ မပြုသင့်တဲ့ အရာတွေအပေါ်မှာ ပြုလုပ်ထား ပြီးသားဖြစ်တဲ့ သင်ရိုးညွှန်းတမ်းတွေပေါ်  ဆက်လက်တည်ဆောက်သွားဖို့၊ အသုံးပြုသူတွေရဲ့  privacy နဲ့ လုံခြုံရေး အပြင်အဆင်တွေ (အဓိကအားဖြင့် Facebook)ကို မြှင့်တင်ဖို့ ကူညီတဲ့ သင်တန်းတွေကို လုပ်ဖို့ဆိုတာတွေ ပါဝင်ပါတယ်။ ဒီကိစ္စက အသစ်ဖြစ်နေတာကြောင့် အာဆီယံဒေသဝန်းကျင်နဲ့ တစ်ကမ္ဘာလုံးက ဒစ်ဂျစ်တယ်အခွင့်အရေး အသိုင်းအဝိုင်းတွေနဲ့ ရင်းနှီးမှု တည်ဆောက်ပြီး သင်ယူဖို့ အရေးကြီးတယ်လို့ ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

ဖန်တီးရာကတော့ ဒစ်ဂျစ်တယ်အခွင့်အရေးဟာ အားလုံးရဲ့ ၂၀၁၆ အစီအစဥ်ထဲမှာ ပါသင့်တယ်ဆိုတာကို သဘောမတူပဲ မနေနိုင်ပါဘူး။ တကယ်လို့ သင်ကသာ လူ့အခွင့်အရေးကို ထောက်ခံတဲ့ မြန်မာနိုင်ငံထဲက အဖွဲ့အစည်း သို့မဟုတ် ခေါင်းဆောင်တစ်ယောက်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်က ပိုဘေးကင်းပြီး ပိုလုံခြုံဖို့ ဒီနှစ်ထဲ ဘာလုပ်မှာလဲ?

Leave a Reply