Lawful Interception Workshop

LI Workshop GroupOn June 23rd, Phandeeyar, MCRB, and MIDO hosted a Lawful Interception Workshop for CSO leaders.

What is lawful interception?
The term lawful interception (LI) refers to a government’s legal rights to collect information on the private communications and data of its citizens. Most countries have specific LI rules outlining when the government can intercept and access its citizens communications. Clear guidelines are necessary to ensure the government does not violate its citizens’ rights–including the right to privacy and to freedom of expression.

Why is Phandeeyar concerned about lawful interception?
Phandeeyar’s mission is to help harness the promise of Myanmar’s technology revolution to foster positive change and development in the country. In order for people to fully take advantage of growth in the technology sector, it is necessary to ensure that the tech space is safe and that privacy rights are protected. The Myanmar government recently announced it would be soliciting public input for the drafting of LI laws and Phandeeyar brought together important CSO stakeholders to educate and brainstorm about what the new legislation must include.

Who was at the Lawful Interception Workshop?
In addition to over 40 CSO leaders, Phandeeyar welcomed LI expert Lucy Purdon from the Institute for Human Rights and Business to educate participants of the principles of LI. 88 Student Generation leader Ko Pyo Cho spoke, and MIDO’s Htaike Htaike and MCRB’s Thi Thi contributed to the presentations.

What came out of the workshop?
Participants left with a clearer understanding of the importance of LI legislation. They were familiarized with the international digital community’s LI standards, as well as the advantages and disadvantages of LI. Going forward, they will be able to participate in public consultation and make arguments on LI.

Written by Lucienne Oyer and translated by Michael Suantak, Photo credit: Ko Aung Win Htut

Unicode version:
ဇွန်လ ၂၃ ရက်နေ့တွင် Phandeeyar, MCRB, and MIDO တို့မှ တရား၀င် ကြားဖြတ် နားထောင်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အရပ်ဘက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များအတွက် ပူးပေါင်းပြုလုပ်ခဲ့ပါသည်။

တရား၀င် ကြားဖြတ်နားထောင်ခြင်းဆိုတာ ဘာလဲ?
တရား၀င် ကြားဖြတ်နားထောင်ခြင်း ဆိုသော စကားရပ်သည် အစိုးရမှ ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုနှင့် အချက်အလက်များကို ဥပဒေအရ ရယူပိုင်ခွင့်ကိုရည်ညွှန်းပါသည်။ နိုင်ငံအများစုတွင် ၄င်းလုပ်ပိုင်ခွင့်ကို ဘယ်အချိန်မျိုးတွင်ပြုလုပ်နိုင်ကြောင်း တိကျသော စည်းမျဥ်းများ ရှိကြသည်။
ပြည်သူတို့၏ အခွင့်အရေးအပါ၀င် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်များကို အစိုးရမှ လေးစားရန်၊ မဖောက်ဖျက် မကျူးလွန်ရန် ရှင်လင်းတိကျသော လမ်းညွှန်မှုများ အထူးလိုအပ်ပါသည်။

ဘာကြောင့် ဖန်တီးရာက တရား၀င် ကြားဖြတ်နားထောင်ခြင်းကို အလေးထားစိုးရိမ်ပူပန်ရတာလဲ?
ဖန်တီးရာ၏ ရည်မှန်းချက်သည် ပြောင်းလဲတိုးတက်လာသော မြန်မာ့နည်းပညာတော်လှန်ရေးကို အသုံးပြု၍ ကောင်းသောအပြောင်းအလဲနှင့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်ပါသည်။ နည်းပညာကဏ္ဍ တိုးတက်ခြင်းကို ပြည်သူတို့မှ အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် နည်းပညာနယ်ပယ် လုံခြုံမှုနှင့် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များကို ကာကွယ်ပေးရန်လိုအပ်ပါသည်။

မြန်မာအစိုးရကလည်း တရား၀င်ကြားဖြတ်နားထောင်ခြင်း ဥပဒေမူကြမ်းအပေါ် အများပြည်သူတို့မှ ပါ၀င်ဆွေးနွေးအကြံပြုစေမည် ဖြစ်ကြောင်း များမကြာမီအချိန်တွင် ကြေငြာသောကြောင့် ဖန်တီးရာမှလည်း အရေးပါသော အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ခေါင်ဆောင်များနှင့် လာမည့် ဥပဒေတွင်ပါ၀င်သင့်သည့် အချက်အလက်များကို အတူတကွဆွေးနွေးတိုင်ပင်ခြင်းနှင့် သင်ကြားခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ဘယ်သူတွေ တရား၀င် ကြားဖြတ်နားထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ပါ၀င်သလဲ?
အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ခေါင်ဆောင် အယောက် (၄၀) နှင့်အတူ the Institute for Human Rights and Business မှ ဆရာမ Lucy Purdon ကို ဖန်တီးရာမှဖိတ်ခေါ်ပြီး တရား၀င် ကြားဖြတ်နားထောင်ခြင်း၏ အခြေခံသဘောတရားများကို သင်ကြားစေခဲ့ပါသည်။ ထို့အပြင် 88 Student Generation မှ ခေါင်းဆောင် ကိုပြုံးချို၊ MIDO မှ မထိုက်ထိုက်အောင်နှင့် MCRB မှ မသီသီသိန်း တို့မှလည်း အတွေ့အကြုံများ၊ သင်ပြချက်များ မျှဝေခြင်းဖြင့် ပါ၀င်အားဖြည့်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲမှ ဘာရလဒ်တွေ ထွက်လာသလဲ?
တက်ရောက်သူများမှ တရား၀င် ကြားဖြတ်နားထောင်ခြင်း ဥပဒေ၏ အရေးပါခြင်းကို ပိုမိုနားလည်လာကြပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲ သက်ရောက်သူများသည် တရား၀င် ကြားဖြတ်နားထောင်ခြင်းဆိုင်ရာ နိုင်ငံတကာရှိ နည်းပညာအသိုင်းအဝိုင်းများ၏ စံနှုန်းထားများ၊ ၎င်း၏ကောင်းကျိုး၊ ဆိုးကျိုးများနှင့် အကျွမ်းတ၀င် ရှိလာပြီဖြစ်သည်။ တရား၀င် ကြားဖြတ်နားထောင်ခြင်းနှင့် ပတ်သက်၍ သူတို့သည် လူထုတွေ့ဆုံပွဲတွင် အကျိုးသင့်အကြောင်းသင့် ငြင်းခုံဆွေးနွေးနိုင်ပြီဖြစ်ပါသည်။

 

Lucienne Oyer မှ ရေးသားပြီး ကိုမိုက်ကယ်စွန်သ မှ ဘာသာပြန်ပါသည်။
ဓာတ်ပုံမှတ်တမ်းတင်သူ – ကိုအောင်ဝင်းထွဋ်

 

Zawgyi version:
ဇြန္လ ၂၃ ရက္ေန႔တြင္ Phandeeyar, MCRB, and MIDO တို႔မွ တရား၀င္ ၾကားျဖတ္ နားေထာင္ျခင္း ဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲကို အရပ္ဘက္ လူမွုအဖြဲ႕အစည္း ေခါင္းေဆာင္မ်ားအတြက္ ပူးေပါင္းျပဳလုပ္ခဲ့ပါသည္။

တရား၀င္ ၾကားျဖတ္နားေထာင္ျခင္းဆိုတာ ဘာလဲ?
တရား၀င္ ၾကားျဖတ္နားေထာင္ျခင္း ဆိုေသာ စကားရပ္သည္ အစိုးရမွ ျပည္သူမ်ား၏ ကိုယ္ေရးကိုယ္တာ ဆက္သြယ္မွုႏွင့္ အခ်က္အလက္မ်ားကို ဥပေဒအရ ရယူပိုင္ခြင့္ကိုရည္ညႊန္းပါသည္။ နိုင္ငံအမ်ားစုတြင္ ၄င္းလုပ္ပိုင္ခြင့္ကို ဘယ္အခ်ိန္မ်ိဳးတြင္ျပဳလုပ္နိုင္ေၾကာင္း တိက်ေသာ စည္းမ်ဥ္းမ်ား ရွိၾကသည္။
ျပည္သူတို႔၏ အခြင့္အေရးအပါ၀င္ ကိုယ္ေရးကိုယ္တာ လြတ္လပ္ခြင့္ႏွင့္ လြတ္လပ္စြာထုတ္ေဖာ္ ေျပာဆိုခြင့္မ်ားကို အစိုးရမွ ေလးစားရန္၊ မေဖာက္ဖ်က္ မက်ဴးလြန္ရန္ ရွင္လင္းတိက်ေသာ လမ္းညႊန္မွုမ်ား အထူးလိုအပ္ပါသည္။

ဘာေၾကာင့္ ဖန္တီးရာက တရား၀င္ ၾကားျဖတ္နားေထာင္ျခင္းကို အေလးထားစိုးရိမ္ပူပန္ရတာလဲ?
ဖန္တီးရာ၏ ရည္မွန္းခ်က္သည္ ေျပာင္းလဲတိုးတက္လာေသာ ျမန္မာ့နည္းပညာေတာ္လွန္ေရးကို အသုံးျပဳ၍ ေကာင္းေသာအေျပာင္းအလဲႏွင့္ နိုင္ငံ့ဖြံ့ၿဖိဳးတိုးတက္ေရးကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ျဖစ္ပါသည္။ နည္းပညာက႑ တိုးတက္ျခင္းကို ျပည္သူတို႔မွ အက်ိဳးရွိစြာ အသုံးျပဳနိုင္ရန္အတြက္ နည္းပညာနယ္ပယ္ လုံျခဳံမွုႏွင့္ ကိုယ္ေရးကိုယ္တာ လြတ္လပ္ခြင့္မ်ားကို ကာကြယ္ေပးရန္လိုအပ္ပါသည္။

ျမန္မာအစိုးရကလည္း တရား၀င္ၾကားျဖတ္နားေထာင္ျခင္း ဥပေဒမူၾကမ္းအေပၚ အမ်ားျပည္သူတို႔မွ ပါ၀င္ေဆြးေႏြးအႀကံျပဳေစမည္ ျဖစ္ေၾကာင္း မ်ားမၾကာမီအခ်ိန္တြင္ ေၾကျငာေသာေၾကာင့္ ဖန္တီးရာမွလည္း အေရးပါေသာ အရပ္ဘက္လူမွုအဖြဲ႕အစည္းမွ ေခါင္ေဆာင္မ်ားႏွင့္ လာမည့္ ဥပေဒတြင္ပါ၀င္သင့္သည့္ အခ်က္အလက္မ်ားကို အတူတကြေဆြးေႏြးတိုင္ပင္ျခင္းႏွင့္ သင္ၾကားျခင္းမ်ားကို ျပဳလုပ္ခဲ့ပါသည္။

ဘယ္သူေတြ တရား၀င္ ၾကားျဖတ္နားေထာင္ျခင္းဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲမွာ ပါ၀င္သလဲ?
အရပ္ဘက္လူမွုအဖြဲ႕အစည္းမွ ေခါင္ေဆာင္ အေယာက္ (၄၀) ႏွင့္အတူ the Institute for Human Rights and Business မွ ဆရာမ Lucy Purdon ကို ဖန္တီးရာမွဖိတ္ေခၚၿပီး တရား၀င္ ၾကားျဖတ္နားေထာင္ျခင္း၏ အေျခခံသေဘာတရားမ်ားကို သင္ၾကားေစခဲ့ပါသည္။ ထို႔အျပင္ 88 Student Generation မွ ေခါင္းေဆာင္ ကိုျပဳံးခ်ိဳ၊ MIDO မွ မထိုက္ထိုက္ေအာင္ႏွင့္ MCRB မွ မသီသီသိန္း တို႔မွလည္း အေတြ႕အၾကဳံမ်ား၊ သင္ျပခ်က္မ်ား မၽွေဝျခင္းျဖင့္ ပါ၀င္အားျဖည့္ခဲ့ပါသည္။

အလုပ္႐ုံေဆြးေႏြးပြဲမွ ဘာရလဒ္ေတြ ထြက္လာသလဲ?
တက္ေရာက္သူမ်ားမွ တရား၀င္ ၾကားျဖတ္နားေထာင္ျခင္း ဥပေဒ၏ အေရးပါျခင္းကို ပိုမိုနားလည္လာၾကပါသည္။
ဤအလုပ္႐ုံေဆြးေႏြးပြဲ သက္ေရာက္သူမ်ားသည္ တရား၀င္ ၾကားျဖတ္နားေထာင္ျခင္းဆိုင္ရာ နိုင္ငံတကာရွိ နည္းပညာအသိုင္းအဝိုင္းမ်ား၏ စံႏွုန္းထားမ်ား၊ ၎၏ေကာင္းက်ိဳး၊ ဆိုးက်ိဳးမ်ားႏွင့္ အကၽြမ္းတ၀င္ ရွိလာၿပီျဖစ္သည္။ တရား၀င္ ၾကားျဖတ္နားေထာင္ျခင္းႏွင့္ ပတ္သက္၍ သူတို႔သည္ လူထုေတြ႕ဆုံပြဲတြင္ အက်ိဳးသင့္အေၾကာင္းသင့္ ျငင္းခုံေဆြးေႏြးနိုင္ၿပီျဖစ္ပါသည္။

Lucienne Oyer မွ ေရးသားၿပီး ကိုမိုက္ကယ္စြန္သ မွ ဘာသာျပန္ပါသည္။
ဓာတ္ပုံမွတ္တမ္းတင္သူ – ကိုေအာင္ဝင္းထြဋ္

Leave a Reply