Read in English

Starup Challenge Backdrop all partners-01

ထောက်ပံ့ပူးပေါင်းပါဝင်သူများ

Logos for A4 format-01 (1)
  

သင့်မှာ စီးပွားရေး အကြံဉာဏ်ကောင်းတွေရှိပြီး မြန်မာနိုင်ငံရဲ့ ပစ္စပ္ပန်နဲ့ အနာဂါတ်ကို တိုးတက်စေမဲ့ နယ်ပယ်သုံးခုဖြစ်တဲ့

Tech for Company

အခုလို တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ မိမိတို့ရဲ့ လုပ်ငန်းတစ်ခုကို သမားရိုးကျနည်းလမ်းနဲ့မဟုတ်ပဲ နည်းပညာရဲ့ အကူအညီသုံးပြီး လုပ်ကိုင်မှသာ ပိုမိုလွယ်ကူအောင်မြင်မှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းကို  နည်းပညာတွေသုံးပြီး ပိုမိုတိုးတက်အောင်မြင်စေချင်တဲ့သူတွေ၊ အသေး နှင့် အလယ်အလတ် စီးပွားရေးလုပ်ငန်းများကို တိုးတက်စေချင်တဲ့သူတွေ ကို ရည်ရွယ်တဲ့ track တစ်ခုပါ။

Tech for Farm

ကမ္ဘာကြီးတိုးတက်လာတာနဲ့အမျှ လယ်ယာစီးပွားရေးလုပ်ငန်း တွေလည်းလိုက်ပြီးတော့ တိုးတက်နေပါပြီ။ မြန်မာနိုင်ငံမှာလည်း တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ရင်ဘောင်တန်းလုပ်ကိုင်နိုင်ဖို့လည်း မဖြစ်မနေ လိုအပ်လာပါပြီ။ အဲဒီလို လိုက် ပြီးတော့တိုးတက်ပြောင်းလဲဖို့က စွန့်ဦးတီထွင်လုပ်ငန်းရှင် entrepreneurs တွေနဲ့ startup တွေပေါ်လည်း မူတည်ပါတယ်။ အခု Track က မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာစီးပွားရေးလုပ်ငန်းကို ဒီ့တက်ပိုပြီး တိုးတက်အောင်၊ အကျိုးအမြတ်တွေပိုမို ဖြစ်ထွန်းအောင် ၊နည်းစနစ်မှန်မှန်နဲ့  အလေအလွင့်တွေမရှိအောင် ပါဝင်ကူညီပြုလုပ်လိုသူအတွက် အကောင်းဆုံး track တစ်ခုပါ။

Tech for Life

အခုဆိုရင် နေ့စဉ်လူနေမှုဘဝတွေထဲမှာ နည်းပညာက အဓိကအစိတ်အပိုင်းတခုဖြစ်လာနေသလို အဆင့်မြင့်ပြီး  တီထွင်ဆန်းသစ်မှုရှိတဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေလည်း ထပ်ပြီးထွက်လာနေဖို့ကလည်း လိုအပ်လာနေပါပြီ။ အခု track က လူသားတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ အလုပ်အကိုင်နဲ့ လူနေမှု ဘဝတွေမှ လိုအပ်နေတဲ့ ကဏ္ဍတွေကို  နည်းပညာသုံးပြီး ပိုမိုတိုးတက် တီထွင်ဆန်းသစ် စေလိုသူတွေအတွက် အသင့်လျော်ဆုံး track ပါ။

Startup Challenge ဟာမြန်မာနိုင်ငံရဲ့ တစ်ခုတည်းဖြစ်တဲ့ ၉ရက်တာကြာမဲ့ စီးပွားရေးအကြံဉာဏ်များကိုအတွက် ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွင်းမှာ ပါဝင်သူများအတွက် ကောင်းမွန်ဆန်းသစ်တဲ့ စီးပွားရေးအကြံဉာဏ် အဆင့်ကနေ ကောင်းမွန်တဲ Business Model တစ်ခုဖော်ဆောင်နိုင်တဲ့အထိ လုပ်ဆောင်နိုင်အောင် ပံပိုးပေးမှာပါ။

Startup Challenge ကို  ဖန်တီးရာ (အမှတ် ၆၂၈- ၆၃၆ ကုန်သည်လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ (Royal Riverview Condo ၁၀ ထပ်) မှာ ဇွန်လ ၁၆ ကနေ  ၂၄ နေ့အထိကျင်းပပြုလုပ်သွားမှာပါ။

ဖန်တီးရာမှာ နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ ပညာရှင်များကနေ ပြိုင်ပွဲမစခင်နဲ့ ပြိုင်ပွဲကာလအတွင်း လာရောက်ပြီး အနီးကပ် သင်ကြားပြသပေးမှာဖြစ်လို့ ပါဝင်ဆင်နွဲသူများအနေနဲ့ ကိုယ်ရွေးချယ်တဲ့ နယ်ပယ်မှာ အတွေ့အကြုံရှိဖိုမလိုပါ။ ဒါ့အပြင့် နိုင်ငံတကာမှာ စီးပွားရေးတည်ဆောက်ရာမှာ အသုံးပြုလေ့ရှိတဲ့ Business Model Canvas, Lean Methodology အစရှိတဲ့ tools တွေနဲ့ပတ်သက်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များက လာရောက် သင်ကြားပေးကြမှာဖြစ်ပါတယ်။

ဘယ်သူတွေ လျောက်ထားသင့်လဲ?

Startup Challenge ဟာ စီးပွားရေးအကြံဉာဏ်ရှိသူတွေ၊ Startups တွေမှာ ဝင်ရောက်လုပ်ကိုင်လိုတဲ့သူတွေအတွက် အထူးသင့်တော် ပြီး ကိုယ်တိုင် စီးပွားရေးကို လက်ရှိ လုပ်ကိုင်နေသူများအနေနဲ့လဲ မိမိ Business Model ကိုပိုမိုကောင်းမွန်အောင်လုပ်ကိုင်ဖို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။

စွန့်ဦးတီထွင်သူ ဖြစ်ဖြစ်၊ ဒီဇိုင်နာ၊ Develper၊ အင်ဂျင်နီယာ၊ Marketer၊ Accountant၊ ကျောင်းသားဖြစ်ဖြစ် မည်သူမဆို Phandeeyar Startup Challenge 2017 မှာပါဝင်ဆင်နွဲဖို့ ဖိတ်ခေါ်ပါတယ်။

လျှောက်ထားပါ (သို့) စာရင်းပေးသွင်းပါ။

ပါဝင်ဆင်နွဲဖို့ SC – Apply Now မှာလျောက်ထားနိုင်ပါတယ်။

Startup Challenge အကြောင်းကို ပိုမို လေ့လာလိုပါက အောက်ပါ ideation bootcamp ကို တက်ရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

 

Bootcamp 1: Tech for Company (Saturday: 19th May 2018 @10 am to 4 pm)

ဒီမှာ စာရင်းပေးသွင်းပါ။

Bootcamp 2: Tech for Life (Saturday: 26th May 2018 @10 am to 4 pm)


ဒီမှာ စာရင်းပေးသွင်းပါ။

Startup Challenge : Weekly Ideation Bootcamp (Thursday: 07 June 2018 @6 pm to 8 pm)


ဒီမှာ စာရင်းပေးသွင်းပါ။

Startup Challenge : Weekly Ideation Bootcamp (Thursday: 14 June 2018 @6 pm to 8 pm)


ဒီမှာ စာရင်းပေးသွင်းပါ။
If you have any question regarding the Startup Challenge 2018, kindly find below for Frequently Asked Questions or contact Phandeeyar at 09 966 313 504 or email us at startupchallenge@phandeeyar.org.

Startup Challenge နဲ့ပတ်သက်ပြီး မေးမြန်းလိုသည်များရှိပါက အောက်ပါ FAQs များကိုဖတ်ရှုပြီးဖြစ်ဖြစ် ဖန်တီးရာကို 09 966 313 504 သို့မဟုတ် ကိုဆက်သွယ်ပြီးဖြစ်ဖြစ် startupchallenge@phandeeyar.org မေးမြန်းနိုင်ပါတယ်။

အမေးများသည့် မေးခွန်းများ

မေးခွန်း – Startup Challenge ဆိုတာဘာလဲ?

အဖြေ – Business idea တစ်ခုကနေ အကောင်းဆုံး Business Model လုပ်ဆောင်ဖို့ တစ်ပတ်တာပြုလုပ်မယ့် ပြိုင်ပွဲဖြစ်ပါတယ်။ ဘယ်သူတွေက idea တွေကနေ တစ်ကယ့်စီးပွားရေးတစ်ခုဖြစ်တဲ့အထိ အခြေအနေရအောင် အကောင်အထည်ဖေါ်နိုင်မလဲ ၊ ဥပမာ Prototype ၊ Marketing Channel ၊ Financial plan အပြင် ဖောက်သည်(Customer) အသစ်များရှာဖွေနိုင်မှု တို့ ပါဝင်မှာဖြစ်ပါတယ်။

မေးခွန်း – Startup Challenge ကို ဘယ်လို လျောက်ထားရမလဲ?

အဖြေ – SC – Apply Now မှာ ဝင်ရောက်လျောက်ထားနိုင်ပါတယ်။

မေးခွန်း – Startup Challenge အတွက် Application ကဘယ်အချိန်နောက်ဆုံးပါလဲ?

အဖြေ – ဇူလိုင်လ ၁၉ ရက်နေ့  မတိုင်မှီလျောက်ထားရမှာပါ။

မေးခွန်း – Startup Challenge 2018 ကိုဘယ်မှာ ကျင်းပမှာပါလဲ?

အဖြေ – Startup Challenge 2018 ကို ဖန်တီးရာ (အမှတ် ၆၂၈- ၆၃၆ ကုန်သည်လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ (Royal Riverview Condo ၁၀ ထပ်) မှာ ကျင်းပမှာပါ။

မေးခွန်း – Startup Challenge ကဘယ်လောက်ကြာမြင့်မှာပါလဲ?

အဖြေ – Startup Challenge ဟာ ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ဖန်တီးရာမှာ ကျင်းပမှာပါ။

မေးခွန်း – ဘယ်သူတွေ Startup Challenge ကိုဝင်ရောက်ယှဉ်ပြိုင်သင့်ပါသလဲ?

အဖြေ – Tech for Company, Tech for Life, Tech for Farm နဲ့ Tech for Cityအစရှိတဲ့နယ်ပယ်တွေမှာ စီးပွားရေးထူထောင်လိုသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

မေးခွန်း – Startup Challenge အတွက် ပြိုင်ပွဲဝင်ကြေးပေးဖို့ လိုပါသလား?

အဖြေ – Startup Challenge ကို အခမဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ပြိုင်ပွဲဝင်ကြေးပေးဖို့ မလိုပါ။

မေးခွန်း – Startup Challenge ကို လူဦးရည်ကန့်သက်ထားပါသလား?

အဖြေ – လူဦးရည် ကန့်သက်ထားခြင်းမရှိပါ။ လွန်ခဲ့သည့်နှစ်က ပြိုင်ပွဲဝင် အယောက် ၂၀၀ ကျော်ပါ၀င်ယှဉ်ပြိုင်ခဲ့သည်။

မေးခွန်း – ဝင်ရောက်ယှဉ်ပြိုင်နိုင်မဲ့ အသက်အရွယ်ကန့်သက်ထားပါသလာ?

အဖြေ – အသက်အရွယ် ကန့်သက်ထားခြင်းမရှိပါ။ Fintech, Agtech, IoT or TechForAll အစရှိတဲ့နယ်ပယ်တွေမှာ စီးပွားရေးထူထောင်လိုသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

မေးခွန်း – Startup Challenge ကိုစိတ်ဝင်စားရင် ဘယ်သူကို ဆက်သွယ်နိုင်ပါသလဲ?

အဖြေ – ဖန်တီးရာ Entrepreneurship Program Team 09 966 313 504 သို့မဟုတ် startupchallenge@phandeeyar.org ကိုဆက်သွယ်ပြီးဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။

မေးခွန်း – Application တင်ရင် Startup Challenge ကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီလား?

အဖြေ – Application တင်ပြီးလျင် Startup Challenge ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ မသေချာသေးပါ။ ဖန်းတီးရာကနေ မေလအတွင်း ယှဉ်ပြိုင်ခွင့် ရသူများကို ဆက်သွယ်အကြောင်းကြားသွားမှာပါ။

မေးခွန်း – ပြိုင်ပွဲဝင်ရန် လျှောက်ထားဖို့ အချက်အလက်တွေကို မည်သို့သိရှိနိုင်မည်နည်း။

အဖြေ – Phandeeyar ကကျင်းပတဲ့ Startup Challenge Ideation Bootcamp သို့လာရောက်လေ့လာနိုင်ပါတယ်။ အပါတ် စဉ် ကြာသာပတေးနေ့ ညနေ (၆) နာရီ မှာကျင်းပမှာပါ။ အထက်မှာ စာရင်းပေးသွင်းနို်င်ပါတယ်။

မေးခွန်း – ကျွန်တော့်မှာ စီးပွားရေးနဲ့ပက်သက်တဲ့ အတွေ့အကြုံတွေ မရှိသေးပါဘူး ။ အဲလိုဆိုရင်ကော ပါဝင်လို့ရလား ?

အဖြေ – ဟုတ် ၊ ရပါတယ် ။ စီးပွားရေး idea ရှိပြီးပြီ ၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ အသုံးဝင်တဲ့ Marketing , Finance , Business Development စတဲ့ အတွေ့အကြုံရှိလည်း ဝင်ရောက်လို့ရပါတယ်။ ကျွန်တော်တို့လည်း Business Model Canvas ကို အသုံးပြုပြီး စီးပွားရေးကို ဘယ်လိုစတင်မလဲဆိုတာကို သင်ကြားပေးမှာပါ။ Business Model Canvas ကို တစ်ကမ္ဘာလုံးမှာလည်း ထွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။

မေးခွန်း – Startup Challenge ရဲ့ Tracks တွေကိုပြောပြပေးပါ?

  • Tech for Companies
  • Tech for Farm
  • Tech for Life
  • Tech for City

အထက်တွင် အသေးစိတ်လေ့လာရန်

မေးခွန်း – Startup Challenge မှာ ဝင်ရောက်ဖို့ Track တစ်ခုကို ရွေးချယ်ရမှာပါလား?

အဖြေ – ဟုတ်ကဲ့၊ Track တစ်ခုကို ရွေးချယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။

မေးခွန်း – အသင်းတစ်ခုမှာ ဘယ်နှယောက်ပါဝင်လို့ရလဲ ?

အဖြေ – အနည်းဆုံး ၂ ယောက်ကနေ စတင်ပြီး ပါဝင်လို့ရပါပြီး။ ၃ ယောက်ထပ်ကျော် ခွင့်မရှိပါဘူး။

မေးခွန်း – ပွဲမစခင်ကထည်းက အသင်းဖွဲ့ထားဖို့လိုလား ?

အဖြေ – မလိုပါဘူး ။ တစ်ကယ်လို့ မိတ်ဆွေ အသင်းမဖွဲ့ရသေးဘူးဆိုလည်း ကျွန်တော်တို့ အသင်းဖွဲ့နိုင်အောင် စီစဉ်ပေးမှာပါ။

မေးခွန်း – ကျွန်တော် အလုပ်လည်းသွားရပါတယ် အချိန်ပြည့်မလာနိုင်ပါဘူး။ အဆင်ပြေမလား ?

အဖြေ – အဆင်ပြေပါတယ် ။ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ တော်တော်များများလည်း အချိန်ပြည့် အလုပ်တစ်ဖက်နဲ့ စီးပွားရေးကို စကြတာများပါတယ်။ အခုပြိုင်ပွဲက တစ်ပတ်တာ ပြိုင်ပွဲဖြစ်တဲ့အတွက် အားတဲ့အချိန်မှာ လာရောက်လုပ်ကိုင်နိုင်ပါတယ် ။ ဒါမှမဟုတ်လည်း ညနေပိုင်း အားတဲ့အချိန် မှာလည်း လာလို့ရပါတယ်။

မေးခွန်း – ကုမ္ပဏီ (သို့) Startup တွေကော ဝင်ပြိုင်လို့ရလား?

အဖြေ – ဟုတ် ၊ ရပါတယ် ။ ကုမ္ပဏီ (အထူးသဖြင့်) Startup တွေကို ပါဝင်ဖို့ အထူးဖိတ်ခေါ်ပါတယ်။

မေးခွန်း – Business idea တွေက နည်းပညာ(Technology) နဲ့ပက်သက်တဲ့ business idea တွေရှိမှပဲ ပြိုင်လို့ရတာလား ? ဥပမာ – Application , e-commerce ?

အဖြေ – မဟုတ်ပါဘူး ။ မည်သည့် business idea နဲ့မဆို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဖက်ကလည်း စီးပွားရေးလုပ်ငန်းတွေမှာ နည်းပညာကို အသုံးပြုဖို့ အားပေးပါတယ်ခင်ဗျ။

မေးခွန်း – Business competition ဒါမှမဟုတ် Hackathon တွေမှာ တစ်ခါမှ မပြိုင်ခဲ့ဖူးပါဘူး ၊ အဆင်ပြေပါ့မလား ?

အဖြေ – ပြေပါတယ် ။ ကျတော်တို့ အကုန်ရှင်းပြပါ့မယ်။

မေးခွန်း – ရန်ကုန်မှာနေတဲ့လူမဟုတ်လည်း ပါဝင်ယှဉ်ပြိုင်လို့ရလား?

အဖြေ – ရပါတယ် ။ လိုအပ်တဲ့ သတင်း အချက်အလက်တွေကို ကျွန်တော်တို့ online ကနေ ကြေညာသွားမှာပါ ။ ဒါပေမယ့် ဇူလိုင် လ နောက်ဆုံးနေ့မှာ မိတ်ဆွေတို့ အဖွဲ့က တစ်ယောက်တော့ ရန်ကုန်ကို လာပြီး အကဲဖြတ်ဒိုင်တွေကို လာရောက် တင်ပြရမှာဖြစ်ပါတယ်။

မေးခွန်း – Startup Challenge ကို ဖန်တီးရာမှာကော လာလုပ်လို့ရလား ?

အဖြေ – ရပါတယ် ။ ဖန်တီးရာက တစ်ပတ်လုံး ဖွင့်ထားမှာပါ။ လာရောက်လို့ရပါတယ်။

မေးခွန်း – ဖန်တီးရာမှာ လာလုပ်မှရမှာလား ?

အဖြေ – မဟုတ်ပါဘူး ။ မိမိတို့ အဆင်ပြေတဲ့နေရာမှာ လုပ်လို့ရပါတယ်။ ဖန်တီးရာမှာဆိုရင်တော့ အင်တာနက် ၊ မုန့်တွေ ၊ အအေး စတာတွေတော့ ရှိမှာဖြစ်ပါတယ်။

မေးခွန်း – တစ်ယောက်ထည်း ပြိုင်လို့ရလား?

အဖြေ – မရပါဘူး ။ တစ်ယောက်ထပ် ပိုရပါမယ် ။ အသင်း တစ်သင်း မှာ အနည်းဆုံး ၂ ယောက်ကနေ စတင်ပြီး ပါဝင်လို့ရပါတယ်လို့ သတ်မှတ်ထားပါတယ် ။ တစ်ကယ်လို့ အသင်းမရှိသေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့ စနေနေ့မှာ ဖန်တီးရာကို လာခဲ့လိုက်ပါ ။ ကျတော်တို့က အသင်းဖွဲ့နိုင်အောင် စီစဉ်ပေးမှာပါ။